ပုဇွန်တောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

ပုဇွန်တောင် ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံများသို့ ရောက်ရှိခဲ့ပြီး ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူများသည် အပိုင်း (၂) အဖြစ် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဲရုံများ ခင်းကျင်းထားရှိမှုနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား မဲဆန္ဒရှင်ပြည်သူများ အချိန်တိုအတွင်း မဲပေးနိုင်စေရန်နှင့် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲများ ပေးနိုင်စေရန်အတွက် လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးများ၊ ရပ်ကွက်စာရေးများနှင့် မြို့နယ်‌နေပြည်သူများ စုပေါင်း၍ အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်