ကျွန်းစုမြို့နယ်၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေး

ကျွန်းစု ဇန်နဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်ပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲ စတင်ကျင်းပမည်ဖြစ်ရာ မဲရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် သူများသည် မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့က မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စီစဉ်ဆောင်ရွက်သည့် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ထုတ်ယူကာ ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြသည်။

 မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် သွားရောက်တာဝန်ထမ်း‌ဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲပေးစက်ကိုင်များသည် ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြုခန်းတွင် မိမိကြိုက်နှစ်သက်သည့် ကိုယ်စား လှယ်လောင်းကို ဆန္ဒပြုမဲပေးခဲ့ကြပြီး ကြိုတင်မဲပုံးအတွင်းသို့ ထည့်၍ ကြိုတင်မဲပေးခဲ့ကြကာ တာဝန်ကျရာ မဲရုံအသီးသီးသို့ သွားရောက် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)