သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသူ၊ကျောင်းသားများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်အား ယမန်နေ့မွန်းလွဲ(၁) နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။