မော်လမြိုင် ဇန်နဝါရီ ၁၀
မော်လမြိုင်မြို့နယ်တွင် အိန္ဒိယနွယ်ဖွားများအား ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး အတွက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ကိုင်ဆောင်ခွင့်ရရှိသူများအား မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ ဆုတောင်းပြည့် ဧရိဂျေယမူသူး မာရီယပ္ပာန် မယ်တော်ကြီးမင်္ဂလာခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် လာရောက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် အိန္ဒိယ-မြန်မာချစ်ကြည်ရေး တာဝန်ခံများ ပူးပေါင်း၍ အိန္ဒိယနွယ်ဖွားများအား ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လာရောက်လျောက်ထားသူ ပြည်သူများထဲမှ အမျိုးသားမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသည့် ပုဒ်မ ၆/၇ ညီညွတ်သူ (၉) ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မော်လမြိုင်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးနှင့် မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင်တို့က ပြည်သူများ လက်ဝယ်အရောက် လာရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)