မုံရွာ ဇန်နဝါရီ ၁၀
မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၏ (၁၀၂) ကြိမ်မြောက် စာဖတ်ဝိုင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မုံရွာမြို့နယ်စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ၊ မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးစိန်လွင် ( မောင်စိန်လွင် -မင်းကင်း)က အဖွင့်အမှာစကားပြောကြားပြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စာရေးဆရာ မေစာ ရေးသားသည့် “စာဝိုင်းပေဝိုင်းစကားဝိုင်းအမှတ်(၁)” စာအုပ်ဖြင့် နှစ်သက်ရာများကို ထုတ်နှုတ်၍ မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်သူများအသင်း (Book Club) အဖွဲ့ဝင် စာပေဝါသနာရှင်များဖြစ်ကြသော ဒေါ်ကြည်ပြာ၊ ဒေါ်သီတာထွန်းနှင့် ဒေါ်ခင်မာဝင်းတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဦးစိန်လွင် (မောင်စိန်လွင်-မင်းကင်း)က ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်၍ နိဂုံးချုပ်စကားပြောကြားကာ စာဖတ်ဝိုင်းအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရပြီး အဆိုပါစာဖတ်ဝိုင်းသို့ မုံရွာမြို့နယ် စာရေးဆရာအသင်း နာယက၊ ဆရာ နေမင်းသန်း(မဲခေါင်စာပေဆုရ)နှင့် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)