ကလေးဝမြို့တွင် မဲဆန္ဒရှင်စာရင်း၌ ပါဝင်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကလေးဝ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မဲဆန္ဒရှင်စာရင်း၌ ပါဝင်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရောင်းချပေးခဲ့သည်။

အဆိုပါ စားအုန်းဆီများရောင်းချပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်စားအုန်းဆီ ရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

စားအုန်းဆီများရောင်းချပေးရာတွင် မဲဆန္ဒရှင် စာရင်းတွင်ပါဝင်သူ တစ်ဦးလျှင် ၅၀ ကျပ်သားနှုန်း ၄၅၀၀ ကျပ်ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)