ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်း ပြုလုပ်

ဆိပ်ကြီးခနောင်တို   မေ  ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက    ဖတ်ရှုဆွေးနွေးမည့် စာအုပ်အကြောင်း အနည်းငယ် ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ မြင်းခြံ ကျော်အောင်() သန်းထက်စံ၏  “ဘဝဇာတ်ခုံဖြစ်ရပ်စုံစာအုပ်ထဲမှ  အကြောင်းအရာများကို ဦးစီးအရာရှိ ဒေါ်သဇင်ဦးက   ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ၊ Book Club အဖွဲ့ဝင် မမိုးသဲနှင်းနှင့် ရတနာတို့က အဆိုပါ စာအုပ်ပါအကြောင်းအရာများကို စာပိုဒ်အလိုက် အသီသီးဖတ်ကြား၍ စာဖတ်ဝိုင်း ပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 အဆိုပါ စာရေးဆရာ မြင်းခြံကျော်အောင်() သန်းထက်စံ၏ဘဝဇာတ်ခုံ ဖြစ်ရပ်စုံတစာအုပ်ထဲမှ စာအကြောင်းအရာများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သူများအနေဖြင့် ဘဝမှာတန်ဖိုး အရှိဆုံးအရာဆိုတာ ငွေနှင့်တိုင်းတာ၍ မရပါကြောင်း၊ တကယ်တန်ဖိုး အရှိဆုံးအရာများမှာ ပစ္စည်းဥစ္စာများမဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး ခင်မင်မှု သံယောဇဉ်၊  ယုံကြည်မှု၊ အားထားမှု၊ ညှာတာသနားမှု၊ မေတ္တာနှင့် ကရုဏာများပင်ဖြစ်ကြောင်း  စသည်ဖြင့် မှတ်သားကျင့်ကြံ သွားရမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(IPRD)