ပင်လောင်း မေ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီက စနစ်တကျထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများက စိတ်အေးချမ်းစွာလာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း (၆၄၁) ဦးရှိပြီးရာ တစ်မြို့နယ်လုံး အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများကို အဆင်ပြေချောမွေ့စွာ လာရောက် ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများလစာ ထုတ်ရက်မတိုင်မီ(၂၁)ရက်နေ့မှစတင်၍ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် ပင်စင်လစာငွေများ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်