၂၀၂၃- ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကော့မှူး၌ ထုတ်ချေး

ကော့မှူး   မေ  ၂၁

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ -ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးနေကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးရာတွင် ရှေးဦးစွာ ကော့မှူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ဒေစီရွှေက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် လယ်()ဧက ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းကို အတိုး % ဖြင့် ထုတ်ချေးမှာဖြစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ() ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော ကမာကနီးကျေးရွာနှင့် မျက်ဆံနီကျေးရွာအုပ်စုမှ တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင်  စိုက်ပျိုးဧက (၁၇၉)ဧက၊ တောင်သူ (၂၃) ဦးအား တစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေကျပ် သိန်း (၂၆၈.၅၀) သိန်းအား မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဒေါ်ဒေစီရွှေနှင့် ဝန်ထမ်းများက တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ပြီး တာဝန်ရှိသူများက ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ လျာထား (၃၆၀၀၀.၀၀) ကျပ်သိန်း၊ တောင်သူ ၂၅၀၀ ဦး၊ ဧက၂၄၀၀၀ ဧကအားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ဒေစီရွှေထံမှ သိရသည်။

ကျော်သူရ (ကော့မှူး)