ကွန်ဟိန်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီမှ စတင်၍ မဲရုံအသီးသီးတွင် ပြည်သူများအေးချမ်းစွာဆန္ဒမဲပေးကြောင်းသိရသည်။
ကွန်ဟိန်းမြို့နယ်တွင် ရက်ကွက်(၅)ရပ်ကွက်၊ ကာလိမြို့တွင် ရပ်ကွက်(၆)ရက်ကွက် ကျေးရွာအုပ်စု (၁၄)အုပ်စု၊ ကျေးရွာပေါင်း(၁၃၈)ရွာ၊ မဲရုံ(၄၇)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၅၂၂၁)ဦးခန့်ရှိကာ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် မဲရုံများတွင် ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေးကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများစိတ်အေးချမ်းသာစွာဆန္ဒမဲပေးရာတွင် ထိခိုက်မှုမရှိအောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်း၊ ရပ်ကွက်/ကျေးရွာလုံခြုံရေးတို့မှ လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)