ဘိုကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) စတင်ကျင်းပ

ဘိုကလေး ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား ဘိုကလေးမြို့နယ်တွင်းရှိ မဲရုံ(၂၆၅)ရုံ၌ ယနေ့နံနက်(၆) နာရီမှစတင်၍ ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများက ပျော်ရွှင်အေးချမ်းစွာဖြင့် ဆန္ဒမဲများ စတင်ပေးလျက်ရှိသည်။

မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီတိုင်းအတွက် အီလက်ထရော နစ်မဲပေးစက်များကို စနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ် ပေးပြီးချိန်၌ ဆန္ဒမဲပေးရန် တက်ကြွစွာစောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ပျော်ရွှင်အေးချမ်းစွာဆန္ဒပြုခဲ့ကြသည်။

ဘိုကလေးမြို့နယ်အနေဖြင့် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၆)အုပ်စုတွင် မဲရုံပေါင်း (၂၆၅)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၁၈၇၁၄၉)ဦးရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်(ဘိုကလေး)