သံဖြူဇရပ် ဇန်နဝါရီ ၁၁
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ယနေ့ နံနက် (၆) နာရီမှ စတင်ကျင်းပ လျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျဆန္ဒမဲပေး လျက်ရှိသည်။
မဲဆန္ဒရှင်ပြည်သူများမှ မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲပေးရန် စောင့်ဆိုင်းလျက်ရှိကြ ကာ မဲရုံ မဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပေးစက်များအား clear ဖြစ်ကြောင်း ပါတီကိုယ် စားလှယ်များအားပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီးနောက် နံနက် (၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ် ပေးခဲ့သည်။
ထို့နောက် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အတူ မဲစာရင်းလက်မှတ်ပြသပြီးလျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက်ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ကြသည်။
သံဖြူဇရပ်မြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၁) အုပ်စုတွင် မဲရုံပေါင်း (၅၅) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၁၀၇,၃၆၃) ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)