ဇီးကုန်းမြို့နယ်၌  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

ဇီးကုန်း ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၆ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်၍ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်အတွင်း မဲရုံ ၅၆ ရုံ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်)၊ တိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော်ပါတီများ၏ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်လောင်းများကို ပြည်သူများမှ သက်ဆိုင်ရာမဲရုံများသို့လာရောက်၍ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။       

မြို့နယ်(ပြန်/ဆက်)