ကာလိ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ကာလိမြို့တွင် ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပလျက်ရှိရာကာလိမြို့ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စု မဲရုံအသီးသီးတို့၌ ယနေ့နံနက်(၆)နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာဖြင့်ဆန္ဒမဲများပေးလျက်ရှိကြောင်းသိရသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့်မဲပေးချက်များဖော်ပြသည့်စက်တို့ပါဝင်သောအီလက်ထရောနစ်မဲပေးစက်တို့ကို စနစ် တကျစစ်ဆေးပြီး နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံများဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ လွှတ်တော်အသီးသီးအတွက်လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြသည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ မဲရုံများသို့လာရောက်၍ ဆန္ဒမဲများပေးကြရာတွင်မဲရုံမှူးများနှင့်မဲရုံအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတို့ကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ကာလိ(ပြန်/ဆက်)