သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်း(၁၀၃၉)ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိ

သာပေါင်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယနေ့ တနင်္လာ‌နေ့၊ မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိသည်။
သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား(၂၈၆)ဦး၊ နိုင်ငံရေးပင်စင်စား(၁၄၂)ဦး၊ မြို့ပြပင်စင်စား(၆၀၃)ဦး၊ ဘဏ်ဝန်ထမ်း ပင်စင်စား(၈)ဦး ပေါင်းအငြိမ်းစား ပင်စင်စားဦးရေ(၁၀၃၉)ဦးရှိရာ မေလ ၂၂ ရက်နေ့တွင် မြို့ပြပင်စင်(၂၀၆)ဦး၊ ကာကွယ်‌ရေးပင်စင်(၁၀၃)ဦး၊ နိုင်ငံရေးပင်စင်(၅၁)ဦး၊ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းပင်စင်(၂)ဦး ပေါင်းပင်စင်စား(၃၆၂)ဦးထုတ်ပေးလျက်ရှိခဲ့ပြီး ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားသက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက် ရှိနေပါကြောင်းနှင့် ပင်စင်လစာငွေများကို လစဥ်(၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက်အလိုရက်နေ့အထိ နံနက် ၈ နာရီမှ စတင်၍ လာရောက်ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကို ထုတ်ပေးလျက်ရှိပြီး၊ ကျန်ရှိသူများကို အစိုးရရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးနိုင်ထံမှ သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)