ပုသိမ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ပုသိမ် မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေး ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပုသိမ်မြို့နယ်အတွင်းရှိ  ရပ်ကွက်နှင့် ကျေးရွာများရှိ စာသင်ကျောင်း များတွင် ကျောင်းတွင်းကျောင်းပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်း၊ ‌ ရေတွင်းရေကန်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း များအား ဆောင်ရွက်လျက်ရှိပြီး မိုးဦးကာလ တွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များနှင့် စာရေးများပူးပေါင်း၍  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေး ခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြင့်ဟန်