ကျိုက်လတ် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ အနေဖြင့် မေလ(၂၃)ရက်နေ့တွင် ကျောင်းအပ်စတင်လက်ခံပြီး ကျောင်းဖွင့်ရာသီ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်စိုးလွင်နှင့် တာဝန်ရှိသူများက ကျောင်းဖွင့်ရာသီ အသင့်ပြင်ဆင်ထားရှိမှုများအား ယနေ့နံနက်(၁၀)နာရီခန့်က အမှတ်(၁)နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ဖျာပုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အကြီးအကဲများလိုက်ပါ၍ ကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသန့်ရှင်းရေးနှင့် ကျောင်းအပ်နှံရေးနေ့ ကြိုတင်အသင့်ပြင်ဆင် ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။ ထို့နောက် နေ့လယ်ပိုင်းတွင် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်း၌ မြို့နယ်အတွင်း လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် တွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)