ဓနုဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံရေးနေ့မတိုင်မီ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဓနုဖြူ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယနေ့ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက သွားရောက်၍ ကျောင်းအပ်နှံရေးနေ့မတိုင်မီ ကျောင်းဥပတိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ သွေးလွန်တုတ်ကွေး ကာကွယ်ရေးပြင်ဆင်ပြီးစီးမှု၊ ကျောင်းအပ်နှံမည့်နေရာများ၊ ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ လဝကမှူး ဦးမောင်မောင်ဆန်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးလှိုင်မျိုးတို့မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)