ထီးချိုင့် မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် (၈)နာရီမှစတင်၍ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျောင်းအပ်လက်ခံရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ပြေဦးနှင့် တပ်ဖွဲ့ဝင်များမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မေလ(၂၃)ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံခြင်းကို လက်ခံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)