ဝါးခယ်မ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်ရှိ အခြေခံပညာကျောင်းများတွင် KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအား စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ လိုက်လံ ကြည့်ရှုအားပေး၍ လိုအပ်သည့်ကျောင်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်း၊ ကျောင်းသားမိဘများအား တွေ့ဆုံအားပေးစကား ပြောကြား ခြင်းနှင့် ကျောင်းတွင်းကျောင်းပြင် လုံခြုံရေးမျာကို စီမံဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဝါးခယ်မမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း (၃၃၉)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၈)ကျောင်း၊ စုစုပေါင်း(၃၄၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)