လားရှိုး မေ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
အခြေခံပညာကျောင်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဆရာ၊ ဆရာမများက သက်ဆိုင်ရာအတန်းလိုက် စနစ်တကျ ကျောင်းအပ်လက်ခံလျက်ရှိနေပြီး ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောလ်ပင်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် ယခင်နှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကာလအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုအနေဖြင့် အထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း ၊ အလယ်တန်းကျောင်း(ခွဲ) ၂၄ ကျောင်း ၊ မူလတန်းလွန်ကျောင်း ၄၉ ကျောင်း၊ မူလတန်းကျောင်း ၇၉ ကျောင်း၊ မူလတန်းကျောင်း (ခွဲ) ၃၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၀ ကျောင်း ဖွင့်လှစ်ခဲ့ကြောင်း လားရှိုးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)