ကွမ်းခြံကုန်း မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉နာရီမှ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်ဆုံးအပ်နှံစို့” ဟူသည့် ပညာရေးဆောင်ပုဒ်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၉၇)ကျောင်း၊ မူလတန်းလွန်(၁၁)ကျောင်း၊ အ လ.က(၂)ကျောင်း၊ အ.လ.ကခွဲ(၂)ကျောင်း၊ အ.ထ.က(ခွဲ)(၄)ကျောင်းနှင့် အ.ထ.ကကျောင်း(၈)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)၊ စုစုပေါင်းကျောင်း(၁၃၂)ကျောင်းရှိရာ ယနေ့တွင်သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ် စတင်လက်ခံလျက်ရှိပြီး၊ ကျောင်းအပ်နှံရာတွင်မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအတန်းနှင့် ဘာသာရပ်အလိုက် ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ ဝတ်စုံတို့အား ကျောင်းသားတစ်ဦးချင်းစီအလိုက် ကျောင်းအပ်နှံစဉ် တစ်ပါတည်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ ဆက်)