ဒေးဒရဲ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်(၉) နာရီကစတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံပြီးစီး ရေးနှင့် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့နေမှုများကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ကြည့်ရှုအားပေးခြင်းကို ဒေးဒရဲမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ မိမိပတ်ဝန်းကျင်ရှိ ကျောင်းသား၊ ကျောင်သူ များ အချိန်မီကျောင်းအပ်နှံရေး အတွက် အသိပညာများ ဖြန့်ဝေပေးသွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် အခြေခံပညာအထက်တန်း (၁၉)ကျောင်း၊ အခြေခံပညာအထက်တန်း(ခွဲ) (၃၂)ကျောင်း၊ အခြေခံပညာ အလယ်တန်း (၂၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (၂၃)ကျောင်း၊ အခြေခံပညာမူလတန်းလွန်(၁၂) ကျောင်း၊ အခြေခံပညာမူလတန်း(၁၁)ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေး(၂) ကျောင်း၊ စုစုပေါင်း(၂၂၁)တွင် ကျောင်အပ်နှံရေးနေ့အဖြစ် မေလ(၂၃)မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများအား အခမဲ့စနစ်ဖြင့် ကျောင်းအပ်နှံခြင်းနှင့် နိုင်ငံတော်မှ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ် များ၊ စာရေးကိရိယာများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း