ကျောက်တန်းမြို့နယ်၌ လူငယ်နှင်စာဖတ်ခြင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

 ကျောက်တန်း မေလ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက လူငယ်နှင့်စာဖတ်ခြင်း ပတ်သက်ပြီး လူငယ်များအနေဖြင့်စာပေဗဟုသုတရ ရှိစေရန်၊ စာများကိုဖတ်ရှုသင့်ကြောင်း၊ စာပေနှင့်လူငယ်သည်ခွဲခြား၍မရပါကြောင်း၊ စာပေဖတ်ရှု့ခြင်းဖြင့် အတွေးအခေါ်မြင့်မားလာစေပြီး အသိဉာဏ်ပညာများ တိုးတက်လာပါကြောင်း၊ လူငယ်များအနေဖြင့် ဗဟုသုတရရှိစေရန်အတွက် စာပေများကို အချိန်နှင့်အမျှ လေ့လာဖတ်ရှုသင့်ကြောင်းကို စာထောက်-၃ ဒေါ်လင်းလင်းမော်နှင့်အတူ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အ စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်း(ပြန်/ ဆက်)