မတ္တရာ မေ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို မေ၂၃ရက် နေ့မှ စတင်၍ လက်ခံဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။
ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ ၂၃ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စတင်ဆောင် ရွက်လျက် ရှိရာ ကျောင်းသား၊ ကျောင်းသူများအား မိဘများမှလာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား KGတန်းမှစ၍ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကျောင်းသုံးသင်ရိုး စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။
မတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၄)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၂၆)ကျောင်း၊ အလယ်တန်းကျောင်း(၁၇)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၃၆) ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၄၂)ကျောင်း၊ မူလတန်းကျောင်း(၆၂)ကျောင်း၊ မူလတန်း(ခွဲ) ကျောင်း (၄)ကျောင်း စုစုပေါင်း (၂၀၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၂) ကျောင်း စုစုပေါင်း (၂၁၄)ကျောင်းရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)