လပွတ္တာ မေ ၂၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများ တွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်လက်ခံပေးနေပြီဖြစ်ကြောင်း သိရသည်။
ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ “ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ ၂၃ ရက်နေ့မှ ၃၁ ရက်အထိ သတ်မှတ်ထားရာ ကျောင်းအပ်နှံ ရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လက်ခံပေးနေခြင်းဖြစ်သည်။
ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ တာဝန်ကျ ဆရာ၊ ဆရာမ များက ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံရာတွင် စည်းကမ်းများနှင့် အညီ ဖြစ်စေရေးနှင့် ကျောင်းသားစာရင်း ပေးသွင်းရာတွင် စနစ်တကျ အဆင်ပြေ ချောမွေ့စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံ ရာတွင် မည်သည့် အခကြေးငွေကိုမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်နဲ့ စာရေးကိရိယာပစ္စည်းတွေကို အခမဲ့ထောက်ပံ့ပေးတာဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်