ဇလွန် မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ် လူထုဖြန့်မိုးရာသီသစ်ပင်စိုက်ပျိုးရန် မန်ဂျန်ရှား၊ ကျွန်း၊ ပျဥ်းကတိုး၊ ယူကလစ်၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ရေတမာ၊ စိန်ပန်း၊ ဗန်ဒါ၊ ပျဥ်းမ၊ စွယ်တော်စသည့်ပျိုးပင်ပေါင်း (၁၅၀၀၀) ကျော်ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနဘိနယ်တာဝန်ခံတောအုပ် ဦးမြင့်သူ၏ပြောကြားချက်အရသိရသည်။
ဇလွန်မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးဥယျာဥ်အတွင်း မန်ဂျန်ရှား (၁၀၀၀၀) ၊ ကျွန်း (၁၀၀၀) ၊ ပျဥ်းကတိုး (၁၀၀၀) ၊ ယူကလစ် (၅၀၀) ၊ မဟော်ဂနီ (၅၀၀) ၊ ကံ့ကော် (၃၀၀) ၊ ခရေ (၃၀၀) ၊ရေတမာ (၃၀၀) ၊ စိန်ပန်း (၃၀၀) ၊ ဗန်ဒါ (၃၀၀) ၊ ပျဥ်းမ (၃၀၀) ၊ စွယ်တော် (၂၀၀) စုစုပေါင်းပျိုးပင်ပေါင်း (၁၅၀၀၀) ကိုစိုက်ပျိုးပြုစုပျိုးထောင်ထားရှိပြီး ရာသီဥတုပူပြင်းလာခြင်း ၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင်စိုက်ပျိုး ပြုစုထိန်းသိမ်းသွားစေလိုကြောင်း ဇလွန်မြို့နယ်ဘိနယ်တာဝန်ခံ တောအုပ်ဦးမြင့်သူ၏ပြောကြားချက်အရ သိရသည်။
ဝေယံ-ဇလွန် (ပြန်/ဆက်)