လွိုင်ကော် မေ ၂၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကယားပြည်နယ်ကြီးကြပ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၃)ကို ပြုလုပ်ကျင်းပဆောင်ရွက်ရာ ကယားပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကယားပြည်နယ်ကြီးကြပ်ရေးကော်မတီဉက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမြင့်ကြည်က အဖွင့်အမှာစကားပြောကြားပြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကယားပြည်နယ်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးအေးကျော်က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်ပြီး လူမှုရေးရာဝန်ကြီးနှင့် တက်ရောက်လာကြသည့်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ရှေ့လုပ်ငန်းစဉ်များချမှတ်ရေးဆွဲခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)