ရွှေဘို မေ ၂၄
“၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ စစ်ကိုင်တိုင်းဒေသကြီး ရွှေဘိုခရိုင်ရွှေဘိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက် နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေဘိုမြို့နယ်ရှိ အခြေခံပညာကျောင်း (၇၈) ကျောင်း၌ KGတန်းမှ GRADE-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာဆရာမများမှ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်ခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် KG မှပဉ္စမတန်းအထိကျောင်းဝတ်စုံများကို (အခမဲ့)ထုတ်ပေးလျက်ရှိသည်။
ရွှေဘိုမြို့နယ်တွင် အခြေခံပညာကျောင်း (၆၉) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅) ကျောင်းတို့၌ မေလ (၂၃) ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)