ညောင်လေးပင် မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လှပရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်အား ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ နဘဲပင်-ဝင်္ဂဘော်ကျေးရွာချင်းဆက်လမ်းလမ်းဘေးဝဲ-ယာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကျော်သက်ပိုင်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရွာသူရွာသားများ၊ NGO အသင်းအဖွဲ့များ စုစုပေါင်းအင်အား (၇၅)ဦးခန့်သည် ကျွန်း၊မဟော်ဂနီ၊မန်ဂျန်ရှား၊ ယူကလစ်သစ်မျိုးများ စုစုပေါင်း(၂၀၀)ပင်အား စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်ဆက်