မိုင်းတုံ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နံနက် ၆ နာရီမှ စတင်ကျင်းပလျက်ရှိရာ မဲဆန္ဒရှင် ပြည်သူများ အေးချမ်းစွာလာရောက် မဲပေးလျက်ရှိကြောင်း သိရသည်။ မိုင်းတုံမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်သူများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် ကိုယ်စားလှယ်လောင်းများစသည့် အသိသက်သေများရှေ့မှောက်တွင် MEVM စက် မဲပုံးများ စစ်ဆေးခြင်း၊ လုံခြုံရေး ကြိုးတပ်ဆင်ခြင်းနှင့် ကုတ်နံပါတ်များစစ်ဆေးဆောင်ရွက်ပြီး နံနက် ၆ နာရီတွင်မဲရုံစတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့အမည်စာရင်းပါ သက်ဆိုင်ရာမဲရုံများတွင် အေးချမ်းလွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြသည်။
မိုင်းတုံမြို့နယ်ရှိ ရပ်ကွက်(၁၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၃) အုပ်စုတွင် မဲရုံ(၅၈)ရုံ ဖွင့်လှစ်ထားရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူပေါင်း(၃၁၆၉၇)ဦးရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)