ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ၊ ဖောင်တော်ဦး ဓါတ်ပေါင်းစုကျောင်းအတွင်း၌ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်ခေါင် ခမ်းကျေးရွာအုပ်စု၊ ခေါင်ခမ်းကျေးရွာ၊ ဖောင်တော်ဦးဓါတ်ပေါင်းစု ကျောင်းအတွင်း၌ ကျင်းပပြုလုပ်သော ဘုရားဒါယကာ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ ဘုရားဒါယိကာမ ဒေါ်ခင်မိုးစန္ဒာထွေး မိသားစုတို့က လှူဒါန်းပူဇော်သည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဗုဒ္ဓါဘိသေက အနေက ဇာတင် မင်္ဂလာ အခမ်းအနားနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်း အခမ်းအနားကို ယမန်နေ့၊ နံနက်(၅)နာရီ၊ (၄)မိနစ်၊ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။