ခရမ်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လက်ခံဆောင်ရွက်

ခရမ်း မေ  ၂၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယမန်နေ့နံနက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်ပေးကြသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများက အတန်းအသီးသီးသို့ လာရောက်အပ်နှံကြသော ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ အဆင်ပြေစွာ အပ်နှံနိုင်ရေး ကူညီဆောင်ရွက်ပေးကြသည်။

ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ၃၁ ရက်နေ့ထိလက်ခံဆောင်ရွက် ပေးလျက်ရှိပြီး နိုင်ငံတော်မှ အခမဲ့ကျောင်းအပ်နှံခွင့်အထက်တန်း၊ အလယ်တန်းမူလတန်း ကျောင်းသားကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး မူလတန်းကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ အခမဲ့ထောက်ပံ့ပေးထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုများကို ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ဇင်သန့်နှင့် အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသစ်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီးလို အပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ‌ကြောင်း သိရသည်။

ကိုမင်း(ခရမ်း )