တောင်တွင်းကြီး မေ ၂၄
စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ချောင်းနက်အုပ်စု၊ ချောင်းနက်အရှေ့ကျေးရွာ ဓမ္မာရုံ၌ ယမန်နေ့ နံနက်(၁၁)နာရီက ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက မြန်မာနိုင်ငံ၏ လူဦးရေ (၈၀) ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်သဖြင့် စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြရကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏ စီးပွားရေးနှင့် စိုက်ပျိုးရေးတောင်သူများ၏ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူများ၏ စီးပွားရေးအဆင်ပြေမှသာ မိမိတို့ဒေသလည်း ဖွံ့ဖြိုးတက်မှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်နှင့် စိုက်ပျိုးရေးနည်းပညာလို အပ်ချက်များကို သက်ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများ ကလည်း စိုက်ပျိုးရေးကဏ္ဍတိုးတက်အောင် သီးထပ်၊ သီညှပ်အပြင် တစ်နှစ်ကို အနည်းဆုံး နှစ်သီးမှ သုံးသီးအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစား ဆောင်ရွက် သွားရန်လိုပါကြောင်း၊ စိုက်ပျိုးရေးဧရိယာ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ဧက တိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးကို အလေးထားဆောင်ရွက် သွားရန်တို့ကို ဆွေးနွေးမှာကြားပြီး ဒေသခံတောင်များ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးကွင်းဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကွင်းဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူ လယ်သမားများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)