သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံလက်ခံခြင်းများ စတင် ဆောင်ရွက်

“ကျောင်းနေရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်းများကို ယမန်နေ့နံနက်(၉)နာရီက စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမရပူရမြို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု Community Centre ခန်းမတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်များ ဆက်လက် ထုတ်ချေးပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ မေလ(၁၈)ရက်နေ့က စတင်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့ ကျေးရွာချင်းဆက်လမ်းမပေါ်လဲကျနေသည့် ကုက္ကိုပင်အား မီးသတ်တပ်ဖွဲ့ဝင်များရှင်းလင်းဖယ်ရှား

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ငါ့သရောက်နယ်မြေမီးသတ်စခန်း၏ အရှေ့တောင်ဘက် (၆)မိုင်ခန့်အကွာ ရွာပုလဲကျေးရွာနှင့် အိုရင်းကျေးရွာသို့ ဆက်သွယ်ထားသည် ကျေးရွာချင်းဆက်လမ်းမပေါ်၌ ယနေ့နံနက် ၁၀ နာရီခွဲ ခန့်အချိန်က ကုက္ကိုပင်လဲကျ လမ်းပိတ်ဆို့နေခြင်းအား ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် (Community Centre) ခန်းမ၌ Book Club၊ Youth Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Youth Club အသင်းများနှင့်ပူးပေါင်း၍ စာရေးသူ မင်းခန့်ရွှေ ရေးသားထားသော "ရေဆာရေသာသောက်ပါနှင့်မြန်မာမှုစာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ခြောက်ရွာကျေးရွာအုပ်စု၌ (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံ တည်ဆောက်ရန် မြေနေရာပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က ခြောက်ရွာ ကျေးရွာအုပ်စု၌ (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံ တည်ဆောက်ဆောက်ရန် မြေနေရာ အား ကျန်းမာ‌‌ရေးဝန်ကြီးဌာန၊ မြို့နယ်ကုသ‌‌ရေးဦးစီးဌာန၊ အင်္ဂပူမြို့သို့ ပေးအပ် လှူဒါန်းပွဲပြုလုပ်ခဲ့သည်။

ကာမိုင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများအားလုံး ကျောင်းအပ်လက်ခံ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဧရိယာအတွင်းရှိ ကျောင်းများအားလုံးကို ယနေ့ နံနက်ပိုင်းက ကျောင်းအပ်လက်ခံလျက်ရှိ ကြောင်း သိရသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန ၊ (Community Centre) ခန်းမတွင် “က‌လေးအလုပ်သမား ပပျောက်ရေး အသိပညာပေး” (Talk Show) ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများ ပပျောက်စေရေးတွက် အထူးအလေးထားရည်ရွယ်ကာ က‌လေးအလုပ်သမားပပျောက်ရေး အသိပညာပေး” (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to