လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကယားပြည်နယ်အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

လွိုင်ကော် မေ ၂၄



ကယားပြည်နယ် လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကယားပြည်နယ်အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အမျိုးသမီးကော်မတီဉက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးမြင့်ကြည်က အမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့် အမျိုးသမီးထုကြီး အားလုံးရဲ့အခွင့်အရေးများ အပြည့်အဝရရှိခံစားနိုင်စေရေးနှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ရန်နှင့် အမျိုးသမီးများကို ဉပဒေကြောင်းအရ ကာကွယ်ပေးနိုင်ရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဉပဒေ(မူကြမ်း)အား ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း၊ ကယားပြည်နယ်မှာ အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက်(OSWSC)ကို ဖွင့်လှစ်ထားရှိပြီး အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နဲ့ အသက်မွေးဝမ်းကြောင်းစရိတ် ထောက်ပံ့ပေးခြင်း  လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးခြင်း၊ ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများရရှိနိုင်ရေးကို ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကယားပြည်နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူးပြည်နယ်လူမှုဝန်ထမ်းရုံး ပြည်နယ်ဦးစီးမှူးဦးအေးကျော်က ကယားပြည်နယ်အမျိုးသမီးကော်မတီလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးတင်ပြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အမျိုးသမီးကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)