တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

တံတားဦး မေ ၂၄

တံတားဦးခရိုင် တံတားဦးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ညနေ(၃)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းတို့က ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးကြသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က အသိပညာပေးဟောပြောပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဒေါ်အိဖြူဖြူနှင်းက သဘာဝဘေးအန္တရာယ်အကြောင်း ဟောပြောရာတွင် မုန်တိုင်းဘေးဆိုင်ရာအကြောင်းအရာများ၊ ရေဘေးဆိုင်ရာ အကြောင်းအရာများ၊ ငလျင်ဘေးဆိုင်ရာအကြောင်းအရာများ၊ မီးဘေးဆိုင်ရာအကြောင်းအရာများ၊ လေပြင်းဘေးဆိုင်ရာအကြောင်းအရာများ၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းဘေး စသည့်အကြောင်းအရာများကိုကို အကျယ်တဝင့် ရှင်းလင်းပြောကြားကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)