ဖျာပုံမြို့၌ “တန်ဆောင်မုန်းလအကြောင်းသိကောင်းစရာ” အသိပညာပေး(Talk Show) ပြုလုပ်

ဖျာပုံမြို့၌ “တန်ဆောင်မုန်းလအကြောင်းသိကောင်းစရာ” အသိပညာပေး(Talk Show) ပြုလုပ် ဖျာပုံ အောက်တိုဘာ ၂၁ အောင်ဝင်းနိုင် ဖျာပုံခရိုင် ပြန်/ဆက်

ဆီဆိုင်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေများ ပထမအကြိမ်ထုတ်ချေးပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီနှံ) ရန်ပုံငွေများ ပထမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန့်နေ့က ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာခန်းမ၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာခန်းမ၊ နောင်ကျောကျေးရွာအုပ်စု၊ မဲ့ဘောင်ကျေးရွာခန်းမတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအနေဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ပြုလုပ်ရန် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းအနေဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများခင်းကျင်းပြသရန် ယနေ့နံနက် ၉:၃၀ နာရီအချိန်က အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းသို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ လူမှောင်ခို လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား လူမှောင်ခိုလူကုန်ကူးမှု အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့ကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ကျင်းပကြောင်းသိရသည်။

ခရမ်းမြို့တွင် အသက်၁၈နှစ်အထက်နှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့် သူများအား Booster ထပ်ဆောင်းဆက်လက်ထိုးနှံ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက်နှင့် အသက် ၁၈ နှစ်အထပြည့်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပြီး  ၆ လပြည့်ပြီးသူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း၊

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  လူထုအခြေပြု‌ဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးအကြောင်း သိကောင်းစရာများကိုမိဘပြည်သူများ အသိပညာဗဟုသုတ ပိုမိုရရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် ငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မြို့မဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ငှားရမ်းပေးကြသည်။

ကဝမြို့နယ်တွင် လျာထားမဲရုံတည်နေရာများ အတည်ပြုသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများနှင့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လျာထားမဲရုံတည်နေရာများ အတည်ပြုသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသံညစ်ညမ်းခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပခဲ့သည်။

သီပေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီက စတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to