ကျိုင်းတုံ မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ ဒေသအတွင်း ဆီဖူလုံရေး၊ ဝက်၊ ကြက်၊ အသား၊ ငါး စသည့် စားသောက်ကုန်များ ထုတ်လုပ်မှု ပိုမိုလာစေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှ ရရှိလာမည့် အသီးအပွင့်များကိုလည်း ပြည်သူအားလုံး ရရှိခံစားနိုင်စေရေးနှင့် ဒေသအတွင်း အမှန်တကယ်ဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက်သွားရန် ပြောကြားပြီး စီမံကိန်းရည်မှန်းချက်များ၊ တာဝန်များကို ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံ ပေးအပ်သည်။
ထို့နောက် ကျိုင်းတုံခရိုင်စီမံကိန်းဦးစီးမှူး ဦးအေးလွင်က စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)