ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်

ညောင်လေးပင် မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ခဲ့သော ပြည်သူများအတွက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် (၁၉.၅.၂၀၂၃)ရက်နေ့၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်တာမြို့၊ ဂျောင်းတာကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးသွားသော နေအိမ်တစ်လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄၇၀၀)ကျပ် စုစုပေါင်း (၁၁၄၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)အိမ်ထောင်စာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်