တောင်တွင်းကြီး မေ ၂၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် မိုးရာသီတွင် ဖြစ်ပွားတက်သော ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းနှင့် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သိန်းသိန်းတင့်တို့က မိုးဦးကျ ရာသီတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါများနှင့် ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ရောဂါကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်တားဆီးနိုင်မည့် အချက်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်နိုင်သည့်နည်းလမ်းများနှင့် ကာကွယ်ရန်နည်းလမ်းများ၊ လက်ဆေးခြင်းအလေ့အကျင့်များ အကြောင်းနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အပြည့်အစုံကို ပြည်သူများ မိုးရာသီတွင် ဖြစ်ပွားတက်သော ရောဂါများနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)