သနပ်ပင်မြို့နယ်၌ သစ်စိမ်းမြေဩဇာ၊ ပိုက်ဆံလျှော်/ပဲမျိုးရင်းဝင် မျိုးစေ့ကြဲပက်ပွဲကျင်းပ

သနပ်ပင် မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကကျင်းပသည့် သစ်စိမ်းမြေဩဇာ၊ ပိုက်ဆံလျှော်/ပဲမျိုးရင်းဝင် မျိုးစေ့ကြဲပက်ပွဲ ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဖရဲကျေးရွာအုပ်စု ဦးအောင်ကျော်ဦး ကွင်းအမှတ် ၈၅၉(ခ)၊ ဦးပိုင်အမှတ်(၉/) ()ဧက ‌လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်၊ ပဲမျိုးရင်းဝင်မျိုးစေ့ကြဲပက်ပွဲသို့ သနပ်ပင်မြို့နယ်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ကြူကြူမြင့်နှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းဖြင့်  စိုက်ပျိုးရေးကဏ္ဍများတွင် မြေဆီ‌မြေဩဇာထက်သန်စေပြီး သီးနှံအထွက်တိုးကောင်းစေရန်နှင့် သစ်စိမ်းမြေဩဇာများ ပိုမိုစိုက်ပျိုးသုံးစွဲနိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)