မိုင်းဖြတ် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယမန်နေ့က ကျင်းပခဲ့ရာ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၁၇၅၅၀ဦး လာရောက်မဲပေးလျက်ရှိသည်။
မိုင်းဖြတ်မြို့နယ်အတွင်း ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၁ အုပ်စုတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ (၂၁၇၃၆)ဦးရှိရာ ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲရုံဖွင့်လှစ်ချိန် နံနက်၆နာရီမှ မဲရုံပိတ်သိမ်းချိန် ညနေ ၄ နာရီအထိ မဲရုံပေါင်း(၄၀)တွင် လာရောက်မဲပေးသူ စုစုပေါင်း (၁၇၅၅၀)ဦးရှိပြီး (၈၀.၇၄) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)