ငဖဲမြို့နယ်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အဂတိလိုက်စားမှု ကျူးလွန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။