စမ်းချောင်းမြို့နယ်၌ လေဘေးသင့်ပြီး နေအိမ်ပျက်စီးသည့် အိမ်ထောင်စု(၄)စုအတွက် မြို့နယ်ကြက်ခြေနိအသင်းမှ ပစ္စည်း(၄)မျိုး ထောက်ပံ့ကူညီပေးအပ်

စမ်းချောင် မေ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မေလ(၂၀)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြီး နေအိမ်ပျက်စီးသည့် အိမ်ထောင်စု(၄)စုအတွက် မြို့နယ်ကြက်ခြေနီအသင်းမှ ယမန်နေ့၊ ညနေ (၄)နာရီ ၄၅ မိနစ်က ဝေဠုဝန်(မြောက်) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ပစ္စည်း(၄)မျိုးထောက်ပံ့  ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေဘေးသင့်ပြီး နေအိမ်ပျက်စီးသည့် အိမ်ထောင်စု (၄)စုအတွက် မြို့နယ်ကြက်ခြေနီအသင်းမှ အိမ်ထောင်စုတစ်စုလျှင် အမျိုးသမီးအသုံးအဆောင် ပစ္စည်းအိတ်အသေး (၁)အိတ်၊ လက်ဆွဲကိုင်းပါ ရေသန့်ပုံး (၁)လုံး၊ အထွေထွေ အိမ်တွင်းသုံးပစ္စည်း (၁)လုံးနှင့် အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်စသည့် ထည့်ထားသည့် Kitပုံးကြီး (၁)လုံး၊ စုစုပေါင်း  ပစ္စည်း(၄)မျိုးတို့ကို လေဘေးသင့်ပြီး နေအိမ် ပျက်စီးသည့် အိမ်ထောင်စု(၄)စုအတွက် ဝေဠုဝန်(မြောက်) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့   သွားရောက်ပြီး ထောက်ပံ့ ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

နီလာစိုး (ပြန်/ ဆက်)