သဲကုန်း မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို ကာလတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေး၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ရရှိခံစားရစေရန် ရည်ရွယ်၍ သဲကုန်း မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်ကို ယနေ့ နံနက် ၈ နာရီ က အင်းမမြို့ သီရိမင်္ဂလာရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးကြိုသစ်ပင်စိုက်ပွဲတွင် အင်းမမြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သစ်တောဦးစီးဌာမှဦးစီးအရာရှိ ဦးသိန်းလွင်နှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယူကလစ်၊ စိန်ပန်းကြီး၊ ရေတမာ စသည့်ပျိုးပင်ပေါင်း(၁၅၀)ကို စုပေါင်းစိုက်ပျိုးခဲ့သည်။
မြို့နယ် (ပြန်/ ဆက်)