ထားဝယ်မြို့ရှိ ဆေးဆိုင်များတွင် ဆေးဝါး/ ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှု စစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့် ညီ/မညီ ရောင်းချနေမှုကို တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ယမန်နေ့ညနေပိုင်း က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။