ကွန်ဟိန်း မေ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်မြို့နယ်အတွင်းရှိ မိဘပြည်သူများ သွေးလွန်တုတ်ကွေးရောဂါကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် (အဘိတ်ဆေး)ခတ်ခြင်းများကို ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့မစျေးနှင့် အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ စာသင်ကျောင်းများ၊ စျေးဆိုင်များ၊ စားသောက်ဆိုင်များတွင် ခြင်ကျား၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေေးအတွက် (အဘိတ်ဆေး)ခပ်ခြင်း၊ ခြင်ခိုးအောင်းနိုင်သည့် နေရာများ၊ မိုးရေနှင့် ရေဆိုး ရေညစ်များ မရှိစေရေး၊ ခြင်ကျား၊ လောက်လန်းကြောင့် ဖြစ်ပေါ်တတ်သော သွေးလွန်တုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါများအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အဘိတ်ဆေးခပ်ခြင်းကို ကွန်ဟိန်းတပ်နယ်မှ အရာရှိများနှင့် သူနာပြုများ၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကွန်ဟိန်း (ပြန်/ဆက်)