ကသာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကသာ မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ မြို့တော်ခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ဒေသခံပြည်သူများအား မြို့တော်ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ဆက်လက် ထိုးနှံပေးနိုင်ရေးကို တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသာစုဝင်များနှင့် ဒေသခံပြည်သူ (၄၉၂) ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကလည်း ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ဒေသခံပြည်သူများ အားလုံးကို သတ်မှတ်ထားသည့် ရက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ကသာ)