မိုးမိတ် မေ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၊ မြောက်ပိုင်းရပ်ကွက်တွင် ယနေ့ နံနက် ၁ နာရီအချိန်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မော် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁ နာရီ မိနစ်၂၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ မြောက်ပိုင်းရပ်ကွက်နေ အိမ်ရှင် ဦးကျော်သူရဦး၏ မီးဖိုးမီး မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁)ထပ် အိမ်တစ်လုံးဆုံးရှုူံးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)